ငါး​ခေါင်းဟင်းရည်​(သို့)ငါး​ခေါင်းမျှစ်​ချဉ်

ငါးခေါင်းဟင်းရည် သို့ ငါးခေါင်းမျှစ်ချဉ် ချက်နည်း

အသေးစိတ်ချက်နည်းကို ပုံတစ်ပု့ချင်းစီအောက်မှာရေးပေးထားပါတယ်

လိုအပ်​​သောပစ္စည်းများ-ငါး​ခေါင်း၊မျှစ်​ချဉ်​၊မုန်​ညှင်းဖြူ၊ကြက်​သွန်​နီ၊ငါးရုပ်​သီးစိမ်း၊ကြက်​သား၊ငါးဖယ်​၊ပဲငါးပိ၊​ဂေါ်ရခါးညွန့်​၊ရှမ်းနံနံ၊ခရမ်းချဉ်​သီး၊ငုံးဥ၊ပဲပြား၊ကြက်​သွန်​ဖြူ
ငါး​ခေါင်းကိုစင်​ကြယ်​​အောင်​​ဆေးပြီး ဆား၊ကြက်​သားမှုန့်​၊ဆနွင်းအနည်းငယ်​တို့ဖြင့်​နယ်​၍နှပ်​ထားပါ
ကြက်​သားကိုလဲထိုနည်းအတိုင်းနယ်​၍နှပ်​ထားပါ
မျှစ်​ချဉ်​ကို​ရေ၁ထပ်​​ဆေး၍ကြက်​သွန်​နီနယ်​ထား​သောကြက်​သားခရမ်းချဉ်​သီးကြက်​သွန်​ဖြူဆာကြက်​သားမှုန့်​ဆီအနည်းငယ်​ထည့်​၍လုံးချက်​ပါ၊​ရေ​နွေးများများထည့်​ပြီးအချိန်​ကြာကြာချက်​ပါ

ငါးဖယ်​များကိုအ​နေ​တော်​အလုံး​လေး​တွေလုံးထားပါ
မျှစ်​ချဉ်​အရည်​အ​တော်​ကျက်​လျှင်​ပဲငါးပိ၊ငရုပ်​သီးစိမ်းများ​ထောင်းထည့်​ပါ

နောက်​ထပ်​အိုးတစ်​လုံးဖြင့်​ကြက်​သွန်​နီပါးပါးလှီး၍ဆီသတ်​ကာငါ​ခေါင်းများလုံးချက်​ပါငါ​ခေါင်းများ​ကြေလွယ်​သည့်​အတွက်​ခဏသာတည်​ပါ
မျှစ်​ချဉ်​အိုးထဲသို့အသင့်​ပြင်​ထား​သော ငါးဖယ်​လုံး၊ငုံးဥ၊မုန်​ညှင်း​၊​ဂေါ်ရခါးညန့်​တို့ကိုထည့်​ပါ
ထို့​နောက်​ငါး​ခေါင်းများအားလုံး​ပေါင်းထည့်​ပါ
စားခါနီးလျှင်​အ​ပေါ်မှရှမ်းနံနံရွက်​ထည့်​အုပ်​ပြီးအရသာရှိ​သောငါး​ခေါင်းဟင်းတစ်​ခွက်​ရပါပြီ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad