ဝက်​လက်​မျှစ်​ချဉ်

ဝက်လက် မျှစ်ချ ဉ်
===========


-၀က်လက်ကိုကိုင်တွယ်ဆေးကြောပြီး၊
ပဲငံပြာရည်အကြည်၊ဆား၊သကြားနည်းနည်းထည့်နယ်ထားပါ။
-မျှစ်ချဉ်ကတော့ လှီးပြီးသားအချောင်းလေးတွေနဲ့
ငရုတ်ချဉ်ရောထားတဲ့ ready made အထုပ်ကိုသုံးပါတယ်။
မျှစ်ချဉ် အပြားလှီးထားတာလည်း သုံးနိုင်ပါတယ်။
-စပါးလင်အဖျားပိုင်း အရွက်တွေကိုဖြတ်ပစ်ပါ။
အရင်းပိုင်းကိုရေဆေး၊ ထု ပြီး အထုံးထုံးထားပါ။
ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ။
ဂျင်းနဲ့ကြက်သွန်ဖြူ ကိုရောထောင်းထားပါ။
ပင်စိမ်းရွက်နဲ့တရုတ်နံနံပင်ကို ရေဆေးပြီး
ပင်စိမ်းရွက်ကို အရွက်ခြွေထားပါ။
တရုတ်နံနံကို လက်၂ဆစ်လောက်ပိုင်းထားပါ။
-အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင်
ဂျင်း၊ကြက်သွန်ဖြူ ကြက်သွန်နီအကွင်းတို့ကိုဆီသတ်ပါ။
အနံ့မွှေးလာရင် စပါးလင်၊၀က်လက်၊မျှစ်ချဉ်တို့ထည့်ပါ။
သမအောင်မွှေပြီးအဖုံးအုပ်လုံးပါ။
ခြောက်လာတဲ့အခါ ငံပြာရည်၊ဆား၊အချို မှုန့် လိုသလိုထည့်ပြီး
မီးအတန်အသင့်နဲ့ ၀က်လက်နူးတဲ့အထိတည်ပါ။
-၀က်လက်နူးတဲ့အခါ အရည်မနည်းမများလေးချန်ပြီး
ခရမ်းချဉ်သီး၊တရုတ်နံနံ၊ပင်စိမ်းတို့အုပ်လိုက်ပါ။
အစပ်စားချင်ရင်တော့ ငရုတ်သီးစိမ်းဓားပြားရိုက်ထည့်ပါ။
-မျှစ်ချဉ်အပြားနဲ့ဆိုရင် အရောင်က ဖြူ နေပါမယ်။
ငရုတ်ချဉ်နဲ့ရောထားတဲ့မျှစ်ချဉ်သုံးထားလို့
ငရုတ်သီးအရောင်လေးနဲ့ နီနီလေးပေါ့။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad