ပုဇွန်ထုပ်ဆီပြန်ဟင်းချက်နည်း

ပထမဆုံးအ​နေနဲ့ပုဇွန်​ထုပ်​ဆီပြန်​ဟင်းချက်​နည်း​လေးကိုတင်​​ပေးချင်​ပါတယ်​မူရင်းတင်​သူကိုcredit​ပေးပါတယ်
လိုအပ်​​သောအရာများ
ပုဇွန်​ထုပ်​........၂၅ကျပ်​သား
ကြက်​သွန်​နီ .....၁လုံး
ကြက်​သွန်​ဖြူ........၅တက်
ခရမ်းချဉ်​သီး.......၃လုံး
နံနံပင်​........အနည်
းငယ်

ပုဇွန်​ထုပ်​​တွေကို​ရေ​ဆေးသန့်​ဆင်​ပြီးအခွံခွာ​ခေါင်းချိုးထားပါအဲ့​နောက်​အရသာအနည်းငယ်​ထည့်​နှယ်​ပြီးနှပ်​ထားပါ
ကြက်​သွန်​အနီ/အဖြူကိုညက်​​အောင်​​ထောင်းထားပါ
ခရမ်းချဉ်​သီးကိုပါးပါးလှီးပါ-နံနံပင်​ကို​ရေ​ဆေးသန့်​စင်​ထားပါ
ဒယ်​အိုးတစ်​လုံးမှာဆီအနည်းငယ်​ကိုအပူ​ပေးပြီ​ထောင်းထာ​သောကြက်​သွန်​များကိုနနွင်းမှုန့်​/ငရုပ်​စိမ်းမှုန့်​အနည်းငယ်​ဖြင့်​ဆီသပ်​ပါ
ကြက်​သွန်​များအနည်းငယ်​နွမ်းလာလျှင်​လှီးထား​သောခရမ်းချဉ်​သီး​တွေထည့်​ပါ
ပုဇွန်​ငံပြာရည်​/ဟင်းခပ်​မှုန့်​တို့ဖြင့်​အရသာဖြည့်​စွက်​ပါ
အဲ့​နောက်​​ခေတ္တအဖုံးအုပ်​ထားပါ။ဆီပြန်​ပြီးအနှစ်​ကျလာလျှင်​အရသာနယ်​ထားတဲ့ပုဇွန်​​တွေထည့်​ပါ။
ရေခမ်းပြီးဆီပြန်​သည်​ထိချက်​ပါ၊အဲ့​နောက်​နံနံပင်​​လေးဖြင့်​အလှဆင်​လိုက်​လျှင်​အလွန်​အရသာရှိတဲ့ပုဇွန်​ဆီပြန်​ဟင်းတစ်​ခွက်​စားသုံးနိုင်​ပါပြီ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad