မြင်းခွာရွက်သုပ်

မြင်းခွာရွက်သုပ်


မြင်းခွာရွက်ကို တို.စရာ၊သုပ်စား၊ ပာင်းခါးချက်စားကြပါတယ်
ဘာပဲချက်ချက် နှစ်ယောက်စာပဲချက်ဖြစ်တာများပါတယ်..
တစ်ခါတစ်လေ မှသာ အခြားအခန်းကလူ
တွေ အတွက်ပါ 6 ယောက်စာချက်ဖြစ်ပါတယ်…

မြင်းခွာရွက်သုပ်အတွက်

မြင်းခွာရွက် - 200 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
ခရမ်းချဉ်သီး - 1 လုံး ကိုလဲရေဆေးပြီး ပါးပါးလှီးထားပါ။
ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ အနဲငယ်စီ
ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
နံနံပင် - 1 ပင် ရေဆေးပြီး ပါးပါးလှီးထားပါ..
ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
သံပုရာသီး- တစ်စိတ်၊

မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားကာ
ပါးပါးလှီးထားသောကြက်သွန်၊ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုပ်သီးစိမ်း ၊
ဆား၊ အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊
မြေပဲလှော်ထောင်း နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad