ချဉ်ပေါင်ကြော်နည်း

ချဉ်​​ပေါင်​​ကြော်​ကြိုက်​တဲ့သူများ..ရှိလားမသိ..😊😊

ကျွန်​မရဲ့​ကြော်​နည်းကိုမျှ​ဝေ​ပေးချင်​ပါတယ်​ရှင်

ပါဝင်​ပစ္စည်းများ
========

ချဉ်​​ပေါင်​ရွက်​..၅စည်း .​ခြွေပြီးသား..၂၀သားခန့်
မျှစ်​ပြုတ်​...ခြစ်​ပြီးသား...၂၀သား
မျှင်းငါးပိ.. .၅ကျပ်​သား
ကြက်​သွန်​နီ.. ၁၀သား
ကြက်​သွန်​ဖြူ...၅ကျပ်​သား
မြေပဲဆီ...၃၀သား
ငရုပ်​ပု...၅ကျပ်​သား
ငရုပ်​သီးစိမ်း...၁၅​တောင့်​ခန့်
ပုဇွန်​..၂၀သား
ဆား..ထမင်းစား ဇွန်းဝက်
နနွင်းမှုန့် အနည်းငယ်
ဟင်းခတ်​ ကြက်​သားမှူန့်​..ကြိုက်​ပါက လက်​ဖက်​ဇွန်း၁ဇွန်းခန့်​ထည့်​နိုင်​ပါတယ်​ရှင်​။

ချဉ်​​ပေါင်​​ကြော်​နည်း
============
ကျွန်​မက​တော့ ချဉ်​​ပေါင်​နဲ့မျှစ်​ကိုဆတူထည့်​ပါတယ်​ရှင်​။
ပထမဦစွာ ​ချဉ်​​ပေါင်​ရွက်​နှင့်​မျှစ်​တို့ကို​ဆေး​ကြောသန့်​စင်​ပြီး ​ရေ​နွေးဆူ​အောင်​တည်​၍ပြုတ်​ပါ..ချဉ်​​ပေါင်​ရွက်​များ နွမ်းလာပါက ဇကာဖြင့်​စစ်​ထားပါ။
ငရုပ်​ပုကို အ​စေ့ဖယ်​၍ ​ရေ​နွေးဖြင့်​ ပွ​လာ​အောင်​စိမ်​ထားပါ ပြီးပါက ကြက်​သွန်​နီ့်​၁၀သားနှင့်​ ကြက်​သွန်​ဖြူ ၂ကျပ်​ခွဲသားတိုနှင့်​​ရော​ထောင်းထားပါ။
ဒုတိယအဆင့်​အ​နေနဲ့ ​ကြော်​မည့်​ ဒယ်​အိုးထဲ ဆီထည့်​ပါ
ဆီပူလာပါက ​ထောင်းထား​သော ငရုပ်​အနှစ်​များ ဆီသတ်​ပါ နနွင်းမှုန့် အနည်းငယ်​ထည့်​ပါ..ပုဇွန်​ထည့်​ပါ
မျှင်းငါးပိ နှင့်​ဆား..ဟင်းခတ်​မှူန့်​ တို့ထည့်​ပါ။
မွှေး​နေ​အောင်​ဆီသတ်​ပြီး ငရုပ်​သီး စိမ်းနှင့်​ကျန်​ ကြက်​သွန်​ဖြူ ၂ကျပ်​ခွဲသားကို ခပ်​ပါးပါးလှီး၍
ထည့်​ပါ။ပြီးပါက
ပြုတ်​ထား​သော ချဉ်​​ပေါင်​ရွက်​ နှင့်​မျှစ်​များထည့်​၍ သမ​အောင်​ ​ရေ စစ်​သည်​ထိ​ကြော်​​ပေးပါ။
မီနစ်​၂၀​လောက်​မီ​အေး​အေးနဲ့​ကြော်​ပြီး ​ရေခန်း ဆီပြန်​လာပြီးဆိုရင်​​တော့ မီးပိတ်​ အ​အေးခံပြီးသုံး​ဆောင်​နိုင်​ပါပြီးရှင်​။
ရေ လုံးဝထည့်​စရာမလိုပါဘူး​နော်​။

Credit : Thida Lay

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad