=======

-တော့ပူကီဆိုတာ ကိုရီးယားအစားအစာတစ်မျိုးပါ။
တော့ပူကီကို နည်းအမျိုးမျိုးနဲ့လုပ်စားကြပါတယ်။
အသား၊ sea food ၊ငါးခြောက်တို့နဲ့လုပ်စားကြပါတယ်။
-တော့ပူကီကို အသားနဲ့ဆန်ကိတ်နဲ့ကင်မ်ချီနဲ့ လုပ်စားကြမယ်။
ပထမဆုံး ဆန်ကိတ်လုပ်ကြပါမယ်။
ဆန်ကိတ်လို့နံမည်လှလှလေးသုံးပေမဲ့
တကယ်တော့ မုန့်ဗိုင်းတောင့်လုပ်သလိုပါဘဲ။
-ဆန်မှုန့်နို့ဆီတစ်ဘူးလောက်ကိုဆားနည်းနည်းထည့်ပြီး
ဇလုံတစ်ခုထဲကိုထည့်ပါ။
ရေနွေးနွေးကို ဇလုံထဲကို နည်းနည်းချင်းစီလောင်းထည့်ပြီး ဆန်မှုန့်ကို မုန့်နှစ်ဖြစ်အောင်လုပ်ပါမယ်။
-လေမခိုအောင် သေချာနှံ့စပ်စွာနယ်ပါ။
မုန့်ညက် မာရင် ရေနွေးနည်းနည်းထပ်ထည့်ပါ။
ပျော့သွားရင် ဆန်မှုန့်နည်းနည်းထည့်ပြီး
ကိုယ်လိုချင်တဲ့အနေရောက်အောင်နယ်ပါ။
မုန့်အနေတော်ရရင် နှမ်းနက်စေ့လေးတွေ
မုန့်ထဲဖြူးပြီး နှံ့အောင် သမပါ။
-မုန့်ညက်ကိုခဲတံချောင်းလောက်အလုံးရှည်လုံးပြီး
ပေါင်းအိုးထဲမှာ နာရီဝက်ကျော်လောက်ပေါင်းပါ။
ပြီးရင် အအေးခံပြီး လက်၂ဆစ်လောက်အတုံးလေးတွေဖြတ်ပါ။
-နောက်တစ်နည်းက မုန့်ဗိုင်းတောင့်လုပ်သလို လက်၂ဆစ်လောက်အနေတွေလုံးပြီး
ပေါင်းအိုးနဲ့ထည့်ပေါင်းရင်တော့ ဖြတ်စရာမလိုဘူးပေါ့။
-တော့ပူကီ စ လုပ်ပါမယ်။
အိုးတစ်လုံးထဲကို ရေသန့်တစ်ဘူးစာရေထည့်ပြီး
ပွက်ပွက်ဆူအောင်တည်ပါ။ရေဆူလာရင်
ပါးပါးလှီးထားတဲ့ ၀က်သား(သို့) ကြက်သားထည့်ပြီး
မိနစ် ၂၀လောက်တည်ထားပါ။
-အသားနူးတဲ့အခါ အိုးထဲကို
ကိုရီးယားငရုတ်သီးအနှစ် စတီးဇွန်း ၂ ဇွန်းစာ၊
သကြားနည်းနည်း၊ဆားနည်းနည်းနဲ့
မုန်ညင်းဖြူ ကင်မ်ချီတစ်ထုပ်ကို
လက်၂ဆစ်လောက်စီဖြတ်ထားတာကိုထည့်ပါ။
ဆန်ကိတ်ထည့်ပါ။
ကြက်သွန်မြိတ်ကိုဖြတ်ထည့်လည်းရပါတယ်။
ဒီနေ့ကြက်သွန်မြိတ်ကုန်နေလို့မထည့်တော့ပါဘူး။
-ပြီးရင် မီးလျှော့ပြီး အရည်ခမ်းခါနီးရင် ချပါ။
ထမင်းနဲ့စားလည်းရသလို
သူ့ချည်းဘဲလည်းစားလို့ရပါတယ်။
