ချဉ်ငံစပ် ၀က်သားသုံးထပ်သားသုပ်
-၀က်သားသုံးထပ်သားကို ပြုတ်ပြီးသော်လည်းကောင်း၊
ဒယ်အိုးပူတိုက်ပြီးသော်လည်းကောင်း၊ ကင်ပြီးသားကို
အလွယ်တစ်ကူဝယ်ပြီးသော်လည်းကောင်းသုပ်စားနိုင်ပါတယ်..
ကျွန်မကတော.ဒီမှာကင်ပြီးသားတွေနေရာတကာမှာဝယ်လို.ရနေပေမဲ.လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ၀က်သုံးထပ်သားအစိမ်းကိုဝယ်ပြီး
ဒယ်အိုးပူတိုက်ကာ ချဉ်ငံစပ်သုပ်ထားပါတယ်…
ဝက်သားသုံးထပ်သားဒယ်အိုးပူတိုက်သုပ်အတွက်
-၀က်သားသုံးထပ်သား- ၃၀၀ g - လက်မ၀က်အထူ အပြားလေးတွေ
ရွေးဝယ်ပါ။ ထိုနောက်ရေဆေးကာ ဆား၊ ပဲငံပြာရည်၊ ကြက်သားမှုန်.၊
နှမ်းဆီ အနဲငယ်စီထည်.ကာ သမအောင်နယ်ပြီး ၁၅ မိနစ်ခန်.နပ်ထားပါ။
ထိုနောက် ဒယ်အိုးပူပူတွင် မီအေးအေးဖြစ် သုံထပ်သား
နှစ်ဖက်စလုံးနီညိုရောင်သန်းလာသည်အထိ ဒယ်အိုးပူတိုက်ကာ
အအေးခံ ပြီးပါးပါးလှီးထားပါ။
-ကြက်သွန်နီ - တစ်လုံးကို အခွံပြီး ပါးပါးလှီးကာရေဆေးထားပါ။
- ခရမ်းချဉ်သီး - တစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ ။
-ဆား၊ အရသာမှုန်.၊ငံပြာရည် အနဲငယ်စီ
-ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်းဝက်
-ကြက်သွန်ဖြူဆီကျက် - ထမင်းစာဇွန်း တစ်ဝက်၊
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
- နံနံပင် - 2 ပင် ကိုရေဆေးကာ ပါးပါးလှီးထားပါ
-ငရုပ်ဆီ- ထမင်းစားဇွန်းတစ်ဇွန်း
-သံပုရာသီးတစ်စိတ်
-၀က်သားသုံးထပ်သားနယ်မည်.ပုဂံထဲသို.ပါးပါးလှီးထားသော
ဝက်သားသုံးထပ်သား၊ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း နှင့်ဆား၊အရသာမှုန်.၊ငံပြာရည်၊ငရုပ်သီးအကျက်မှုန်.၊ကြက်သွန်ဖြူဆီချက်၊ နံနံပင်ငရုပ်ဆီနှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး အပေါ. အငံ အချဉ် အစပ်ကိုမြည်းပြီး အရသာရှိသောချဉ်ငံစပ်ဝက်သားသုံးထပ်သားဒယ်အိုးပူတိုက်ကို ကြက်သားပာင်းရွက်ပာင်းချို(သို.) ဒန်.သလွန်ရွက်ပာင်းချိုတို.နှင့်တွဲ ကာ သုံးဆောင်နိုင်ပါပြီရှင်..
