ငါးပြေမဆီပြန်ဟင်းချက်နည်း
======================
************
ငါးပြေမ...၅၀သားခန့်
ဆီ...၅ကျပ်သား
ငရုပ်စိမ်း...အနည်းငယ်
မန်းကျည်းသီး..၂ကျပ်ခွဲသား
ငရုပ်ပု...၆တောင့်
ကြက်သွန်နီ....၃ဥ
ကြက်သွန်ဖြူ...၃မွှာ
မဆလာ....သင့်ရုံ
နံနံပင်.. .၅ပင်ခန့်
မျှင်းငါးပိ..လက်မခန့်..
ဆား..ထမင်းစားဇွန်း...၁ဇွန်း
ဟင်းခတ်မှူန့်.. ......သင့်ရုံ
နနွင်းမှုန့် .. ..သင့်ရုံ..
ပြုလုပ်ပုံအဆင့်ဆင့်
=============
ငါးပြေမကို
မန်ကျည်းအနှစ်ဆားကြမ်းတို့ဖြင့် အညှီးအချွဲတွေစင်ကြယ်အောင်ဆေးကြောသန့်စင်ထားပါ။
ဟင်းခတ်မှူန့်.\. နနွင်း\ဆား...တို့ဖြင့်ငါးကိုအရသာများဝင်အောင်နယ်ထားပါ။
ငရုပ်ပု+ကြက်သွန်နီ+ကြက်သွန်ဖြူ..+မျှင်ငါးပိအနည်းငယ်
တို့ကိုညှက်အောင်ထောင်းပြီး ဒယ်အိုးထဲဆီထည့်ကာအပူပေးပြီးမွှေးနေအောင် ဆီသတ်ပါ။
ပြီးရင်ငါးထည့်ပါ သမအောင်အသာအယာလေးမွှေပြီး ဆုံဆေးရည်နှင့်ရေသန့်အနည်းငယ်ငါး မြုပ်ရုံထည့်၍အဖုံးအုပ်ကာဆီပြန်သည်ထိထား၍ မန်ကျည်းရည်နှင့်ငရုပ်သီးစိမ်း မဆလာထည့်ပါ။ မီနစ်အနည်းငယ်ထား၍ နံနံပင်အုပ်ကာ မီးပိတ်သုံးဆောင်နိုင်ပါပြီးရှင်။
