ငါးကင်

အနံ့မွှေးမွှေးလေးနဲ့ငါးကင်

Christmas တို့  New Year ညတို့  ကြရင် လုပ်စားဖို့  Share ထားလိုက်ကြတော့နော် <3

ငါး  ၇၀ သားခန့် တစ်ကောင်ကို ဆေးကြောသန့်စင်ထားပါ။
စပါးလင်  ၁ ပင်ကို ဓားပြားရိုက်ပြီး ငါး၏ဝမ်းဗိုက်အတွင်းသို့ ထည့်ပါ။
ဆား  လက်ဖက်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်  ထမင်းစားဇွန်း ၁ ဇွန်း
သကြား အနည်းငယ်
ငရုပ်ကောင်းမှုန့်  သင့်ရုံ စသည်တို့ကို ပန်းကန်လုံးတခုထဲ ရောစပ်၍
ငါးအသားထဲဝင်အောင် ဆုပ်နယ်ကာ နာရီဝက်ခန့်နှပ်ထားပြီး မီးအေးအေးနဲ့ ကင်ပေးပါ။
ငါးမတူးစေအောင်နဲ့ သံဇကာ မကပ်ရလေအောင် ငါးအား ဆီအနည်းငယ် သုတ်လိမ်းပေးပါ။
မီးအေးအေးနဲ့ မိနစ် ၄၀ ခန့် တဖက်မှတဖက်သို့ လှန်ပြီး ကျက်သည်ထိ ကင်ပေးရပါမယ်။

အချဉ်ရည်စပ်နည်း
============
ငရုပ်သီးစိမ်း  ၂၀ တောင့်
ကြက်သွန်ဖြူ အမွှာကြီး     ၆ မွှာ
နံနံပင် ၂ ပင်
နှမ်းဖြူ လှော်ပြီးသား      ထမင်းစားဇွန်းဝက်
သကြား ထမင်းစားဇွန်း    ၁ ဇွန်း
ငါးငံပြာရည် ထမင်းစားဇွန်း     ၃ ဇွန်း
သံပုရာသီး     ၃ လုံးတို့ ထည့်ပြီး ရောစပ်ပြီးဖျော်ကာ ငါးကင်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Source: Thida Lay Lay

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad