မျှင်​ငပိသုပ်

မျှင်ငပိသုပ်
°°°°°°°°°°°°°°°°°°°°


ရာသီဥတုကအေး…ဟင်းတွေချက်လည်းမစားနိုင်တဲ့
ဖျားချင်နာချင်နေကြတဲ့ ကိုကိုမမတို့အတွက်…
#မျှင်ငပိသုပ်လေး တင်ပေးမယ်နော်…

ချဉ်ချဉ်စပ်စပ်လေးမို့ ထမင်းပူပူ ဟင်းချိုပူပူလေးနဲ့
လိုက်ဖက်မှာတော့အသေအချာဘဲ……

ပါဝင်ပစ္စည်းများ

မိုးမျှော်ငရုတ်သီး
ကြက်သွန်နီ
ကြက်သွန်ဖြူ
မျှင်ငါးပိကောင်းကောင်း
သံပုရာသီး
နံနံပင်
ခရမ်းချဉ်သီး(နှစ်သက်ပါကထည့်နိုင်)
ပူစီနံအနည်းငယ်
ပုစွန်ခြောက်မှုန့်
ဆီ

-ငရုတ်သီးတွေကိုအညှာခြွေ၊ရေဆေး၊ရေစစ်ထားပီး
ထောင်းထားပါ

-မျှင်ငပိကိုမွှေးလာသည်အထိမီးဖုတ်ပေးပါ

-နံနံပင် ပူစီနံချွေထားပါ

-ကြက်သွန်နီကိုခပ်ပါးပါးလှီးထားပါ

-ငရုတ်ဆုံထဲသို့ငရုတ်သီးစိမ်း၊ကြက်သွန်နီ၊ဖြူ ၊
မျှင်ငါးပိတို့ကိုရောထည့်ပြီးဆား အချိုမှုန့် သို့ အသားမှုန့်ထည့်ကာခပ်ကြမ်းကြမ်းထောင်းပါ။

-ညက်ခါနီးလျှင် ပူစီနံထည့်ထောင်းပါ

-ထို့နောက်ပန်းကန်အလွတ်ထဲထည့်ပြီး လှီးထားသောကြက်သွန်နီ ပုစွန်ခြောက်မှုန့် သံပရာရည် ဆီတို့ထည့်ကာ  မွှေ၍စားနိုင်ပါပြီ…

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad