ကင်းမွန်​အစာသွပ်

ကင်းမွန်အစာသွပ်
=============


- အစာသွတ်ဖို့ဆိုရင် ကင်းမွန်အကောင်ကြီးက ပိုကောင်းပါတယ် ။
ကင်းမွန်ရဲ့ ရှည်နေတဲ့ကိုယ်လုံးပိုင်းကို သန့်စင်ပြီးရေဆေးထားပါ ။

- ဒီတစ်ခါတော့ ဟင်းသီးဟင်းရွက်အစာသွတ်ပါမယ် ။
အစိမ်းရောင်အတွက် ပဲသီး.....
အ၀ါရောင်အတွက် ပြောင်းဖူး....
လိမ္မော်ရောင်အတွက် မုန်လာဥနီ..သုံးပါမယ် ။
အဲဒီ ဟင်းသီးဟင်းရွက်သုံးမျိုးကို
ပါးပါး သေးသေးတွေတုံးထားပါ ။

-ကြက်သားကိုပြုတ် ၊ အသားထွင်ပြီး ပါးပါးလှီးထားပါ ။
ဟင်းသီးဟင်းရွက်တွေနဲ့ကြက်သားနဲ့ရောပါ ။
ဆားနည်းနည်း ၊ သကြားနည်းနည်း ၊ ငရုတ်ကောင်းမှုန့်နည်းနည်းကို
ထပ်ထည့်ပြီး အားလုံးသမအောင် နယ်ပါ ။

- ကင်းမွန်ရဲ့ ပိတ်နေတဲ့ထိပ်ဝထဲကို
အဆာတွေ ကျပ်သိပ်နေအောင်ဖြည့်ပါ ။
ပြည့်လာရင် ကင်းမွန်ဗိုက်ဖက်ကနေ
ဓားနဲ့ အရာပေးပါ ။
ညီညာလှပဖို့တော့ လိုပါတယ် ။

- ပြီးရင် ပေါင်းစကာထဲစီထည့်ပါ ။
အောက်ကရေပေါင်းအိုးခံပြီး မိနစ်(၂၀)လောက်ပေါင်းပါ ။
ကျက်ရင် ပန်းကန်ထဲခင်းပြီး အပေါ်ကနေ
မာယိုးနိစ် နဲ့ ခရမ်းချဉ်သီးဆော့စ် ဆမ်းပါ ။
သခွားသီး ၊ ဆလပ်ရွက်တို့နဲ့ ဖြည့်စွက်ပြီး
သွားရည်စာအဖြစ်ဘဲဖြစ်စေ ၊ ထမင်းနဲ့ဖြစ်စေ
အရသာထူးကဲစွာ စားနိုင်ပါပြီ ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad