=========

- ကိုယ့်ဟာကိုယ် အိမ်မှာအခေါက်ကင်လုပ်စားလို့ရတယ်ဆိုရင်ယုံကြမလား.....
လွယ်လွယ်လေးပါ ။
- ၀က်သား သုံးထပ်သားကောင်းကောင်းကို
မလှီးမဖြတ်ပဲ အချပ်လိုက်ဝယ်ပါ ။
ရေစင်စင်ဆေးထားပါ ။
- အိုးတစ်လုံးထဲကို ၀က်သားတုံးထည့်ပြီး
ဝက်သားတုံးမြုပ်တဲ့အထိ ရေထည့်ပါ ။
သကြားအနည်းငယ် ၊ ပဲငံပြာရည်အကြည် ထည့်ပါ ။
ပြီးရင် (၁၅)မိနစ်ခန့်ပြုတ်ပါ ။
- ၀က်သားတုံးကိုဆယ်လိုက်ပါ ။
အခေါက်ဖက်ကို ခက်ရင်း ဒါမှမဟုတ် ဓားဦးချွန်နဲ့အသာအယာ
နေရာအနှံ့ လိုက်ထိုးပါ ။
အခေါက်ပေါ်ကနေ ဆားနည်းနည်း နဲ့ ဗီနီဂါ ဒါမှမဟုတ် ရှာလကာရည်ဖြန်းပြီး အထဲစိမ့်ဝင်အောင်ပွတ်ပေးပါ ။
- Micro Wave နဲ့ Oven မရှိသူတွေအဖို့
ဝက်သားအတုံးလိုက်ကို ဖက်ရွက်ခံပြီး ပန်းကန်အပြန့်ထဲထည့် ၊
နေပူပူမှာ တစ်နေလောက်ပြပေးပါ ။
ကျမကတော့ Micro Wave မရှိလို့ Oven နဲ့ပဲ သုံးပါတယ် ။
တစ်နေ့စောင့်စရာမလိုတော့ပါဘူး ။
- ၀က်သားတုံးကို စကာပေါ်တင်ပြီး Oven ထဲထည့်ပါ ။
အပူချိန်200ံC နဲ့ အထက်မီး အောက်မီးဖွင့်ပြီး နာရီဝက်လောက်ထားပါ ။
Timer ပြည့်သွားရင် အထက်မီးဘဲဖွင့်ပြီး နောက်ထပ် ၁၅မိနစ်ထားပါ ။
- အိုးစောက်နက်နက်ထဲကို ဆီများများထည့်ပြီးပူလာအောင်တည်ထားပါ ။
ဝက်သားတုံးကို အခေါက်ဖက်ကနေ အခေါက်နဲ့အဆီ အသား
ဝက်သားတုံးထက်ဝက်လောက်အထိ ဓားနဲ့အရာပေးလှီးပါ ။
အောက်ထိမပြတ်စေဘဲလှီးပါ ။
ဒါမှ ကြော်တဲ့အခါ အထဲအထိကျွတ်ပါမယ် ။
- ဆီပူပူထဲကို ၀က်သားအတုံးလိုက်ထည့်ကြော်ပါ ။
ရွှေညိုရောင်သန်းလာရင် တစ်ဖက်ကိုလှန်ပေးပါ ။
အသားဖက်က နီရောင်သန်းလာပြီး
အခေါက်ဖက်ကကျွတ်လာရင် ဆယ်လိုက်ပါ ။
- နောက်ဆုံးအဆင့်အနေနဲ့...
ဓားနဲ့အရာပေးထားတဲ့အတိုင်း အကုန်ပြတ်အောင် လှီးချလိုက်ပါ ။
ပြီးတော့မှလိုသလိုအတုံးလေးတွေလှီးပါ ။
အိမ်ဖြစ်အခေါက်ကင်ကျွတ်ကျွတ်ရွရွလေး စားလို့ရပါပြီ ။
