အစိမ်း​ကြော်

အစိမ်းကြော်
========


♦ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ+နီဆီသတ်ပါ။
ထည့်လိုတဲ့ အသားကို ပါးပါးလှီးပြီး ထည့်ကြော်ပါ။

အသားနူးရင် မုန်လာဥနီ၊ပန်းပွင့်၊ရွှေပဲသီး၊ဂေါ်ဖီ၊မုန်ညင်းဖြူ ၊ မှို၊ကြွက်နားရွက်၊ဗိုလ်စားပဲ၊ပဲတောင့်ရှည်၊ ခရမ်းချဉ်သီး၊ပြောင်းသူငယ် စတဲ့အသီးအရွက်တွေကိုထည့်ကြော်ပါ။

သကြားနည်းနည်း၊ဆားနည်းနည်း၊အချိုမှုန့်နည်းနည်းထည့်ပါ။

♦အသီးအရွက်နည်းနည်းနွမ်းရင်
ကော်မှုန့်နဲ့ပဲငံပြာရည်ဖျော်ထားတာကို လောင်းထည့်ပါ။
ပြုတ်ထားတဲ့ ငုံးဥနဲ့ငါးဆုပ်လုံးလေးတွေထည့်ပါ။
တရုတ်နံနံ-ကြက်သွန်မြိတ် ထည့်ပါ။

ခရုဆီလေးနည်းနည်းထည့်ပြီး ချပါ ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad