=====================

-ထုံးကို ရေနဲ့ဖေါက်ပြီး ထုံးရေကြည်ယူထားပါ။
ထုံး ကြက်တက်ရည်လို့လည်းခေါ်ပါတယ်။
-ဆန်ကြမ်းတစ်ပြည်ကိုရေဆေးပြီး မုန့်ကြိတ်ဆုံမှာကြိတ်ပါ။
အစိမ်းရောင် မုန့်လက်ဆောင်းဖတ်လိုချင်ရင်
မုန့်ကြိတ်တဲ့အခါ ဆွမ်းမွှေးရွက် ၂ရွက်/၃ရွက်ထည့်ကြိတ်ပါ။
-မုန့်ရည်ကို အိတ်နဲ့စစ်ပြီး မုန့်သားကို ထုံးရေကြည်နဲ့ နာနာနယ်ပါ။
ပြီးရင် ထုံးရည်ကြည် ၂ဂါလံထဲမှာထည့်ကြိုပါ။
-ပျစ်လာရင်မုန့်လက်ဆောင်းလုပ်တဲ့ သံဇကာထဲကိုလောင်းထည့်ပြီး
ဖိတုံးနဲ့ဖိပေးရင် သံဇကာကနေ မုန့်ဖတ်လေးတွေကျလာပါမယ်။
သံဇကာအောက်ကနေ ရေအေးအေးကို ဇလုံထဲထည့်ပြီး ခံထားပါ ။
-ရေအေးအေးထဲကမုန့်ဖတ်လေးတွေကိုဆယိပြီး ရေစစ်ထားပါ။
-မုန့်လက်ဆောင်းကို ဖယောင်းမီးသင်းထားတဲ့ ထန်းညက်ရည်နဲ့
ခြစ်ထားတဲကအုန်းသီးဖြူးပြီးသောက်နိုင်ပါတယ်။
ဒါမှမဟုတ် အုန်းနို့၊သကြားရည်တို့နဲ့သောက်နိုင်ပါတယ်။
အုန်းနို့ရည်အစိမ်းထက် ကြိုထားတဲ့အုန်းနို့ရည်က ပိုခံပါတယ်။
