================

-ထိုင်းအစားအစာတစ်မျိုးဖြစ်ပါတယ် ။
ကဖောင်ဆိုတာ ပင်စိမ်း ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး
ဖတ် က အရွက်လို့အဓိပ္ပာယ်ရပါတယ် ။
'ပင်စိမ်းရွက်' နဲ့ချက်တဲ့ဟင်းပါ ။
- ကြက် ၊ ၀က် ၊ အမဲ နှစ်သက်ရာအသားနဲ့ချက်နိုင်ပါတယ် ။
ချက်တဲ့အခါမှာလည်း အသားကို စင်းကောလုပ်ပြီးချက်နိုင်သလို
ခပ်သေးသေး ပါးပါးလှီးပြီးချက်လို့ရပါတယ် ။
အခုကတော့ ၀က်သားပါးပါးလှီးပြီးချက်မဲ့
ဝက်ဖတ်ကဖောင်ပါ .....
-၀က်သားအသားကို အတုံးလိုက်ရေဆေးပြီး
ခပ်ပါးပါး ခပ်သေးသေးလှီးထားပါ ။
ပဲတောင့်ရှည်ကို လက်တစ်ဆစ်လောက်ဖြတ်ပြီးရေဆေးထားပါ ။
ငရုတ်သီးအစို(အနီရောင်)နဲ့ ကြက်သွန်ဖြူတို့ကို
လက်လှည့်ကြိတ်စက်ကလေးနဲ့ထည့်ကြိတ်ထားပါ ။
ပင်စိမ်းရွက်ကို ရေဆေးပြီးအရွက်ချွေထားပါ ။
-အိုးကိုမီးဖိုပေါ်တင်ပြီး ဆီနည်းနည်းထည့်ပါ ။
ဆီပူလာရင် ငရုတ်သီးအစိုအနီရောင်နဲ့
ကြက်သွန်ဖြူရောကြိတ်ထားတာကိုဆီသတ်ပါ ။
စိမ်းနံ့ပျောက်ရင် ၀က်သားလှီးထားတာထည့်ပါ ။
ငံပြာရည် ၊ သကြား ၊ ဟင်းခတ်မှုန့်၊ ရှာလကာရည် ၊
ပဲငံပြာရည်အကြည် ၊ ခရုဆီ စတဲ့အမည်များကို
နည်းနည်းစီ သင့်ရုံထည့်ပြီး သမအောင်မွှေပါ ။
အဖုံးအုပ်ပြီး အရည်ခမ်းအောင်တည်ပါ ။
-၀က်သားထဲကအရည်တွေထွက်လာပြီးခြောက်လာတဲ့အခါ
အသားကလည်း အနည်းအကျဉ်းကျက်နေပါပြီ ။
အဲဒီအချိန်မှာ ပဲတောင့်ရှည်လှီးထားတာထည့်ပြီး
ရေနည်းနည်းထည့် ၊ အဖုံးအုပ်တည်ပါ ။
-ရေခမ်းတဲ့အခါ ပဲသီးရော ၊ ၀က်သားပါ နူးပါပြီ ။
ချွေထားတဲ့ပင်စိမ်းရွက်တွေထည့်မွှေပါ ။
ပဲငံပြာရည်အနောက် နည်းနည်းဆမ်းပါ ။
ရောမွှေပြီး အပေါ့အငံမြည်းပြီးရင် ရပါပြီ ။
ငရုတ်ပွအနီတောင့်ကို ပါးပါးလေးလှီးပြီးဖြူးရင်
မျက်စေ့ပသာဒရှိသလို အရသာရှိပါတယ် ။
ပင်စိမ်းနံ့မွှေးမွှေးနဲ့အရသာရှိရှိ စပ်စပ်လေး
ဝက်ပင်စိမ်းချက်ပါ ။
