ငှက်ပျောရွှေကြည်လုပ်နည်း

ငှက်​​ပျော​ရွှေကြည်​ပြုလုပ်​နည်း
================

ပါဝင်​ပစ္စည်းများ
***********

ရွှေကြည်..​...၃၀သား
ဖီးကြမ်းငှက်​​ပျောသီး.. .500gm..(၅လုံးခန့်​)
အုန်းနို့....400ml..၁ဗူး(ရယ်​ဒီမိတ်​)
သကြား...၂၅သား(400gm)ခန့်
ဆီ...၁၀သား
ဆား...လက်​ဖက်​ဇွန်း..၂ဇွန်း
အနီ​ရောင်​...food Colour...အနည်းငယ်
ရေသန့်​....300ml...(ငါးကြင်းဖန်​ခွက်​တစ်​ခွက်​ခန့်​)

ပြုလုပ်​ပုံအဆင့်​ဆင့်
===========

ပထမဦစွာ​ရွှေကြည်​မှူန့်​ကို မီး​အေး​အေးနဲ့​ ​မွှေး​နေ​အောင်​အရင်​​လှော်​​ပေးရပါတယ်​ အ​ရောင်​နဲနဲညိုလာရင်​မီးပိတ်​ပါ။
ငှက်​​ပျောသီးများကို ကြိတ်​စက်​ဖြင့်​ကြိတ်​ထားပါ။
ရွှေကြည်​\ငှက်​​ပျောသီးကြိတ်​ပြီးသား
အုန်းနို့\​ရေသန့်​\ဆီ ၅ကျပ်​သား\သကြား\ဆားတို့ကိုထည့်​၍ မီးအပူ​ပေး၍ ​မွှေ​ပေးပါ..မုန့်​သားများ​စေးပြီးလုံးလာပါက ကျန်​ ဆီ၅ကျပ်​သားထည့်​၍...မီနစ်​၂၀ခန့်​ထပ်​​မွှေပါ..​ရွှေကြည်​များကျက်​ပြီး မုန့်​သားထဲမှဆီများထွက်​ပါက အနီ​ရောင်​ Food Colour တစက်​ နှစ်​စက်​ခန့်​ထည့်​ပြီးသမ​အောင်​ ​မွှေပြီးမီးပိတ်​ပါ...မုန့်​ထည့်​ဖုတ်​မည့်​ဗန်းထဲသို့ မုန့်​များထည့်​၍ ဇွန်းဖြင့်​ဖိ​ပေးပါ။
ပြီးပါက ဘိန်း​စေ့ ​လှော်​ပြီးသား ကိုအ​ပေါ်ဖြူး​ပေးပါ။
မီးပူချိန်​ ၁၇၅°ဖြင့်​မီနစ်​၄၀ခန့်​အ​ပေါ်မီး​အောက်​မီးဖြင့်​ဖုတ်​​ပေးပါ..မုန့်​မျက်​နှာပြင်​များအက်​ကွဲလာသည်​ပြီး ​ရွှေ​ရောင်​သန်းလာရင်​​တော့ မုန့်​ကျက်​ပါပြီးရှင်​။
မုန့်​ကို ​အ​အေးခံပြီးမှ လှီးဖြတ်​သုံး​ဆောင်​ပါရှင်​။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad