ငါးနီတူနှင့်စပါးလင်ထောင်းရှောက်ရွက်အစပ်သုပ်



လိုအပ်သော ပစ္စည်းများ.

1. ခေါင်းဖြုတ်ထားသော ငနီတူခြောက် – တရုတ်ပန်းကန်လုံး ၁ လုံးခန်.
2. အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီး – တရုတ်ပန်းကန်လုံး ၁ လုံးခန်.
3. ပါးပါးလှီးကာရေဆေးထားသော ကြက်သွန်နီ – တရုတ်ပန်းကန်လုံး ၁ လုံးခန်.
4. ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်းခန်.
5. ကြက်သွန်ဖြူအတက်ကြီး – ၂ တက်
6. microwave ထဲ စက္ကန်.၂၀ ခန်.ထည့်ထားသော ငါးပိ – ထမင်းစားဇွန်း၃ ပုံ ၂ ပုံ
7. ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း
8. သံပုရာရည် – ထမင်းစားဇွန်း ၇ ဇွန်း
9. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
10. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
11. ပါးပါးလှီးထားသော စပါးလင် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (အရမ်းမာသည့် အပြင်ခွံများနှင့် အမြစ်ကိုဖယ်ထုတ်ပစ်ပါ။)

ပြင်ဆင်ပြုလုပ်ပုံ.

ငါးပိ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ နှင့် စပါးလင် တို.ကို ညက်အောင်ထောင်းထားပါ။

တစ်ရေဆေးကာ ရေစစ်ထားသော ငါးနီတူကို Medium heat နှင့် ကြွပ်အောင်လှော်ပေးကာ အအေးခံထားပါ။

ငနီတူ အေးသွားလျှင် အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်ပေးပါ။

ဝက်နံရိုး ပိန္နဲသီး၊ crispy ဝက်သားလုံးကြော် တို.နှင့် တွဲဖက်စားရန် ချဉ်စပ်မွှေးကာ စားကောင်းလှသော ငနီတူ နှင့် စပါးလင်ထောင်း ရှောက်ရွက်အစပ်သုပ်လေး စားရန်အသင့်ဖြစ်ပါပြီ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad