ဒန်ပေါက်ချက်နည်း

ဒန်ပေါက်ချက်နည်း (ဆိုင်များအတိုင်း အစိမ်းဖောက် ခေါ် အိုးကြီးချက်)


Unicode

ဒန်ပေါက်ချက်နည်း (ဆိုင်များအတိုင်း အစိမ်းဖောက် ခေါ် အိုးကြီးချက်)
--------------------

ပါဝင်ပစ္စည်းများ
--------------------
ဆန် ပေါ်ဆန်မွှေး ၄ လုံး
ကြက်သား ၆၀ ကျပ်သား တကောင်
ကြက်သွန်နီကြော် ၁၀ ကျပ်သား
ဆီ ၅ ကျပ်သား ဆီကျက်ချက်ထားပါ
ထောပတ် ၅ ကျပ်သား
ဒိန်ချဉ် ၁ ခွက် အကြမ်းပန်ကန်လုံး
ဒန်ပေါက်အရောင်အဝါ အနည်းငယ်
နို့စိမ်း ဘူးတဝက်ခန့်
မဆလာ ၁ ဇွန်း ဟင်းစားဇွန်း
သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း အနည်းငယ်စီ
ပူစီနံ ၂ စီး အသေး ပါးပါးလှီးထား
(ဖာလာ လေညင်း သစ်ဂျပိုးခေါက် အနည်းငယ်စီ) ၅ပွင့်ခန့်
ဂျင်းလက်တဆစ်ခန့် ကြက်သွန်ဖြူ တလုံး ရောထောင်းရန်
ငရုပ်စိမ်းမှုန့် ၁ဇွန်း teaဇွန်း
ဆား ၃ဇွန်းခန့်teaဇွန်း ဟင်းချက်စားသည်ထက်ပိုထည့်
အချိုမှုန့် ၂ ဇွန်းခန့် tea ဇွန်း
ကြက်သားတကောင်ကို ၈ ပိုင်းတုံးရေဆေးထား

ကြက်သားနှပ်ကြမယ်
--------------------
အသား ကြက်သွန်ကြော် ဒိန်ချဉ် ဂျင်းကြက်သွန်ဖြူ မဆလာ ပူစီနံ ဖာလာလေညှင်းသစ်ဂျပိုး
ဆား အချိုမှုန့် ငရုပ်စိမ်း တို့အားရောမွှေလိုက်ပါ ပီးလျှင်ကြက်သားတုံးများကိုဖယ်ထုတ်လိုက်ပါ အရသာနှံ့စေရန်အနှစ်များကိုသပ်သပ်တကြိမ်နယ်ပေးပါ
ထမင်းပေါင်းအိုးနှင့်ချက်ပါမယ် အသေးဆုံးဆန်လေးလုံးဆန့်အိုးဖြစ်ရပါမယ်
ပေါင်းအိုးအတွင်း အသားတုံးများကိုဖြန့် စီလိုက်ပါအနှစ်မပါစေပါနှင့် အနှစ်များကို အသားတုံး အပေါ်မှဖြန့်တင်လိုက်ပါ ကြက်သားနှပ်ပီးပါပီး။ သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း တို့ကို ကြက်သားနှပ်အပေါ်မှ ဖြန့်တင်လိုက်ပါ ဆီကျက်ကိုဘေးမှ ဖြန့်လောင်းပါ တနာရီခန့်ထာပေးပါ။ အရောင်ကိုရေဖြင့် ပန်ကန်လုံးတလုံးစာခန့်ဖျော်ထားပါ။

ထမင်းချက်ကြမယ်
--------------------
ဆန်ကိုပြုတ်ရန် အိုးလွတ်တလုံးနှင့် ရေနွေးမပြည့်တပြည့်တယ်ပါ။
ဆန်ကိုရေဆေးပီး စစ်လိုက်ပါ
ရေနွေးဆူလျှင် ဆန်ထည့်ပြုတ်ပါ ။
ဆားအနည်းငယ်ရေနွေးအိုးတွင်ထည့်ပီး ဖြေးညှင်စွာမွှေပါ။မိနစ်အနည်းငယ်ကြာရင်ပွက်လာပါမည်
ဆန်မကျက်ခင် (ထမင်းရေငှဲ့ချက်သောအခါ ကျက်ကာနီး မာဆတ်သော) ထမင်းမဖြစ်မှီ စပ်ကြားအချိန်တွင်
ဇကာတခုအတွင်းသို့သွန်ထည့်လိုက်ပီးရေနွေးများကုန်အောင်စစ်လိုက်ပါ။
ထို့နောက် ပေါင်းအိုးအတွင်းရှိ
အသားနှပ်အပေါ်မှ လောင်းထည့်လိုက်ပါ ။
ထမင်း အပေါ်မှ နို့စိမ်းထောပတ်တို့ကို ဖြန့်ထည့်ပီး အရောင်ရေကို အပေါ်ဆုံးမှဖြန့်ပီးထည်းလိုက်ပါ။
အဖုံး ပိတ်လိုက်ပီး ပေါင်းအိုးခလုပ်ကိုနှိပ်ပီး ထမင်းချက်သည့်အတိုင်းချက်ပါ။ ထမင်းကျက်လျှင် အပေါ်မှထမင်းများကို ခပ်ယူပီး ထမင်းသပ်သပ် အနှစ်များသီးသန့် ဖြစ်စေရန် ပြုလုပ်ပါ။ မိမိတို့စိတ်တိုင်းကြ အနှစ်များကို ထမင်းဖြင့် ရောသမပီး စားသုံးနိုင်ပါသည်။

(အိုးကြီးကဲ့သို့ ဂျုံ့ဖြင့် လေလုံ ပိတ်ပီး မီးသွေး ခဲဖြင့် အပေါ်မီးအောက်မီး ပြန်နှပ်ခြင်းသည် အနည်းငယ်ခက်ခဲသဖြင့် ပေါင်းအိုးဖြင့် ချက်စားနိုင်ရန်တင်ပြလိုက်ပါသည်။)

Zawgyi

ဒန္ေပါက္ခ်က္နည္း (ဆိုင္မ်ားအတိုင္း အစိမ္းေဖာက္ ေခၚ အိုးႀကီးခ်က္)

--------------------


ပါဝင္ပစၥည္းမ်ား

--------------------

ဆန္ ေပၚဆန္ေမႊး ၄ လုံး

ၾကက္သား ၆၀ က်ပ္သား တေကာင္

ၾကက္သြန္နီေၾကာ္ ၁၀ က်ပ္သား

ဆီ ၅ က်ပ္သား ဆီက်က္ခ်က္ထားပါ

ေထာပတ္ ၅ က်ပ္သား

ဒိန္ခ်ဥ္ ၁ ခြက္ အၾကမ္းပန္ကန္လုံး

ဒန္ေပါက္အေရာင္အဝါ အနည္းငယ္

ႏို႔စိမ္း ဘူးတဝက္ခန႔္

မဆလာ ၁ ဇြန္း ဟင္းစားဇြန္း

သီဟိုေစ့ စပ်စ္ေျခာက္ ပဲစိမ္း အနည္းငယ္စီ

ပူစီနံ ၂ စီး အေသး ပါးပါးလွီးထား

(ဖာလာ ေလညင္း သစ္ဂ်ပိုးေခါက္ အနည္းငယ္စီ) ၅ပြင့္ခန႔္

ဂ်င္းလက္တဆစ္ခန႔္ ၾကက္သြန္ျဖဴ တလုံး ေရာေထာင္းရန္

င႐ုပ္စိမ္းမႈန႔္ ၁ဇြန္း teaဇြန္း

ဆား ၃ဇြန္းခန႔္teaဇြန္း ဟင္းခ်က္စားသည္ထက္ပိုထည့္

အခ်ိဳမႈန႔္ ၂ ဇြန္းခန႔္ tea ဇြန္း

ၾကက္သားတေကာင္ကို ၈ ပိုင္းတုံးေရေဆးထား


ၾကက္သားႏွပ္ၾကမယ္

--------------------

အသား ၾကက္သြန္ေၾကာ္ ဒိန္ခ်ဥ္ ဂ်င္းၾကက္သြန္ျဖဴ မဆလာ ပူစီနံ ဖာလာေလညႇင္းသစ္ဂ်ပိုး

ဆား အခ်ိဳမႈန႔္ င႐ုပ္စိမ္း တို႔အားေရာေမႊလိုက္ပါ ပီးလွ်င္ၾကက္သားတုံးမ်ားကိုဖယ္ထုတ္လိုက္ပါ အရသာႏွံ႔ေစရန္အႏွစ္မ်ားကိုသပ္သပ္တႀကိမ္နယ္ေပးပါ

ထမင္းေပါင္းအိုးႏွင့္ခ်က္ပါမယ္ အေသးဆုံးဆန္ေလးလုံးဆန႔္အိုးျဖစ္ရပါမယ္

ေပါင္းအိုးအတြင္း အသားတုံးမ်ားကိုျဖန႔္ စီလိုက္ပါအႏွစ္မပါေစပါႏွင့္ အႏွစ္မ်ားကို အသားတုံး အေပၚမွျဖန႔္တင္လိုက္ပါ ၾကက္သားႏွပ္ပီးပါပီး။ သီဟိုေစ့ စပ်စ္ေျခာက္ ပဲစိမ္း တို႔ကို ၾကက္သားႏွပ္အေပၚမွ ျဖန႔္တင္လိုက္ပါ ဆီက်က္ကိုေဘးမွ ျဖန႔္ေလာင္းပါ တနာရီခန႔္ထာေပးပါ။ အေရာင္ကိုေရျဖင့္ ပန္ကန္လုံးတလုံးစာခန႔္ေဖ်ာ္ထားပါ။


ထမင္းခ်က္ၾကမယ္

--------------------

ဆန္ကိုျပဳတ္ရန္ အိုးလြတ္တလုံးႏွင့္ ေရေႏြးမျပည့္တျပည့္တယ္ပါ။

ဆန္ကိုေရေဆးပီး စစ္လိုက္ပါ

ေရေႏြးဆူလွ်င္ ဆန္ထည့္ျပဳတ္ပါ ။

ဆားအနည္းငယ္ေရေႏြးအိုးတြင္ထည့္ပီး ေျဖးညႇင္စြာေမႊပါ။မိနစ္အနည္းငယ္ၾကာရင္ပြက္လာပါမည္

ဆန္မက်က္ခင္ (ထမင္းေရငွဲ႔ခ်က္ေသာအခါ က်က္ကာနီး မာဆတ္ေသာ) ထမင္းမျဖစ္မွီ စပ္ၾကားအခ်ိန္တြင္

ဇကာတခုအတြင္းသို႔သြန္ထည့္လိုက္ပီးေရေႏြးမ်ားကုန္ေအာင္စစ္လိုက္ပါ။

ထို႔ေနာက္ ေပါင္းအိုးအတြင္းရွိ

အသားႏွပ္အေပၚမွ ေလာင္းထည့္လိုက္ပါ ။

ထမင္း အေပၚမွ ႏို႔စိမ္းေထာပတ္တို႔ကို ျဖန႔္ထည့္ပီး အေရာင္ေရကို အေပၚဆုံးမွျဖန႔္ပီးထည္းလိုက္ပါ။

အဖုံး ပိတ္လိုက္ပီး ေပါင္းအိုးခလုပ္ကိုႏွိပ္ပီး ထမင္းခ်က္သည့္အတိုင္းခ်က္ပါ။ ထမင္းက်က္လွ်င္ အေပၚမွထမင္းမ်ားကို ခပ္ယူပီး ထမင္းသပ္သပ္ အႏွစ္မ်ားသီးသန႔္ ျဖစ္ေစရန္ ျပဳလုပ္ပါ။ မိမိတို႔စိတ္တိုင္းၾက အႏွစ္မ်ားကို ထမင္းျဖင့္ ေရာသမပီး စားသုံးႏိုင္ပါသည္။


(အိုးႀကီးကဲ့သို႔ ဂ်ဳံ႕ျဖင့္ ေလလုံ ပိတ္ပီး မီးေသြး ခဲျဖင့္ အေပၚမီးေအာက္မီး ျပန္ႏွပ္ျခင္းသည္ အနည္းငယ္ခက္ခဲသျဖင့္ ေပါင္းအိုးျဖင့္ ခ်က္စားႏိုင္ရန္တင္ျပလိုက္ပါသည္။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad