သီးစုံပဲကုလားဟင်းချက်နည်း

သီးစုံပဲကုလားဟင်းချက်နည်း
Unicode
သီးစုံ ပဲကုလားဟင်းချက်နည်း
**************************
(အဟာရပြည့်ပြီး အရသာရှိတဲ့ သီးစုံ ပဲကုလားဟင်း ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်)

ပါဝင်ပစ္စည်းများ 

ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
အာလူး - အနေတော် ၃လုံး
ခရမ်းသီး - အလုံးကြီးကြီး တလုံး
ပန်းဂေါ်ဖီ - အခက်ကြီးကြီး ၃ခက်
ပဲသီး - ၁၀တောင့်ခန့်
မုံလာဥနီ - ဥကြီးကြီး တဥ
ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
ကြက်သွန်နီ - အနေတော် တခြမ်း
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
ချင်း - လက်တဆစ်ရဲ့တဝက်
ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
ကုလားလေးမဆလာ - တထုတ်
ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ

ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထားမပျက်အောင် ပြုပ်ပြီးထားပါ
မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
အသီးအရွက်များနှင့် အာလူးကို သင့်သလိုလှီးကာ ရေဆေးထားပါ
ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသောအာလူးနှင့် အသီးအရွက်များ ဆား ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက် ဆူလာတာနဲ့ မာနေသော အသီးအရွက်များ နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေးမဆလာကို ထည့်ပြီးမွှေပေးပါ
အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲဟင်း အရည်သောက်ဆမ်းကို  သုံးဆောင်နိူင်ပါပြီ

Zawgyi
သီးစုံ ပဲကုလားဟင္းခ်က္နည္း
**************************
(အဟာရျပည့္ၿပီး အရသာရွိတဲ့ သီးစုံ ပဲကုလားဟင္း ခ်က္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္)

ပါဝင္ပစၥည္းမ်ား 

ကုလားပဲျခမ္း - ထမင္းေပါင္းအိုး ဆန္ခ်င္ခြက္ တခြက္
မက်ီးသီးမွည့္ - ကြမ္းသီးဆံလုံးေလာက္ 
ပ်ဥ္းေတာ္သိမ္း႐ြက္ - အခက္ႀကီးႀကီး ၂ခက္
အာလူး - အေနေတာ္ ၃လုံး
ခရမ္းသီး - အလုံးႀကီးႀကီး တလုံး
ပန္းေဂၚဖီ - အခက္ႀကီးႀကီး ၃ခက္
ပဲသီး - ၁၀ေတာင့္ခန႔္
မုံလာဥနီ - ဥႀကီးႀကီး တဥ
ဆား - လက္ဖက္ရည္ဇြန္း တဇြန္း
ငါးငံျပာရည္ - ထမင္းစားဇြန္း ၃ဇြန္း
အရသာမႈန႔္ - လက္ဖက္ရည္ဇြန္း တဇြန္း
နႏြင္းမႈန႔္ - လက္ဖက္ရည္ဇြန္း တဇြန္း (ပဲျပဳပ္ထဲႏွင့္ဆီသတ္ရာတြင္ သုံးရန္)
ၾကက္သြန္နီ - အေနေတာ္ တျခမ္း
ၾကက္သြန္ျဖဴ - အမႊာႀကီးႀကီး ၂မႊာ
ခ်င္း - လက္တဆစ္ရဲ႕တဝက္
င႐ုတ္သီးအေရာင္တင္မႈန႔္ - လက္ဖက္ရည္ဇြန္း တဝက္သာသာ
ကုလားေလးမဆလာ - တထုတ္
ဆီ - ထမင္းစားဇြန္း ၃ဇြန္း

ျပင္ဆင္ပုံ

ကုလားပဲဆန္ကို ေရေဆးၿပီး ေရျမဳပ္ေအာင္ထည့္ နႏြင္းမႈန႔္ အနည္းငယ္ထည့္ၿပီး ပဲကိုမႏူးတႏူး ပဲအျခမ္းလိုက္ အေနအထားမပ်က္ေအာင္ ျပဳပ္ၿပီးထားပါ
မက်ီးသီးမွည့္ကို ေရတထပ္ေဆးၿပီး ေရျမဳပ္ေအာင္ ထည့္ကာ ေရစိမ္ထားပါ
အသီးအ႐ြက္မ်ားႏွင့္ အာလူးကို သင့္သလိုလွီးကာ ေရေဆးထားပါ
ၾကက္သြန္ျဖဴ နီ ခ်င္းတို႔ကို အခြံခြာၿပီး ေရေဆးကာ င႐ုတ္သီးမႈန႔္တို႔နဲ႔ေရာၿပီး ေထာင္းထားပါ
အားလုံးအဆင္သင့္ျဖစ္တာနဲ႔ ဒယ္အိုးတလုံးကို အပူေပးၿပီး ဆီထည့္ပါ ဆီပူလာတာနဲ႔ နႏြင္းမႈန႔္ထည့္ကာ င႐ုတ္သီးေထာင္းကိုထည့္ၿပီး ေမႊးလာေအာင္ ဆီသတ္ေပးပါ 
ဆီသတ္နံ႔ေမႊးလာတာနဲ႔ ပ်ဥ္းေတာ္သိမ္း႐ြက္မ်ားကို ထည့္ၿပီးဆီသတ္ပါ
ၿပီးတာနဲ႔ ဟင္းခ်က္ရန္ ျပင္ထားေသာအာလူးႏွင့္ အသီးအ႐ြက္မ်ား ဆား ငံျပာရည္ အရသာမႈန႔္တို႔ကိုထည့္ေမႊၿပီး ဆီသတ္ပါ
ဆီသတ္နံ႔ ေမႊးလာတာနဲ႔ မီးပိတ္ထားေပးပါ
အသီးအ႐ြက္မ်ား ဆီသတ္ၿပီးတာနဲ႔ ျပဳပ္ထားေသာ ပဲအိုးထဲကို ေျပာင္းထည့္ၿပီး ေရလိုသေလာက္ထည့္ကာ ပြက္ပြက္ဆူေအာင္ တည္ေပးပါ
ေရပြက္ပြက္ ဆူလာတာနဲ႔ မာေနေသာ အသီးအ႐ြက္မ်ား ႏူးေအာင္ တည္ေပးကာ ေရစိမ္ထားေသာ မက်ည္းမွည့္ကို လက္နဲ႔နယ္ေဖ်ာ္ၿပီး မက်ည္းရည္ ထည့္ေပးပါ
ဟင္းရည္ပြက္ပြက္ဆူပါက အရသာျမည္းၿပီး လိုသလိုျပင္ကာ ကုလားေလးမဆလာကို ထည့္ၿပီးေမႊေပးပါ
အသီးအ႐ြက္မ်ား ႏူးလာတာနဲ႔မဆလာနံ႔ ေမႊးေနေသာ သီးစုံပဲဟင္း အရည္ေသာက္ဆမ္းကို  သုံးေဆာင္ႏိူင္ပါၿပီ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad