ဝက်သားလုံးကြော် အရမ်းစားလို့ ကောင်းပါတယ်ရှင့်👍👍 ကြော်စားကြည့်ကြနော်😍😍
ပါဝင်ပစ္စည်းများ👇
ဝက်သား ၂၅ကျပ်သား
ဆီ ၁၀သား
ဘဲဥ ၁လုံး
ဂျုံ စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်ဖြူ ၃ဥ
အရက် စားပွဲတင်ဇွန်း ၁ဇွန်း
တရုတ်မဆလာ စားပွဲတင်ဇွန်း ၁ဇွန်း
ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်း သင့်ရုံ
ပြင်ဆင်ပုံ
ဝက်သားကို ရေဆေးပြီး နုပ်နုပ်စင်းပါ။ ဘဲဥကို ခေါက်ထားပါ။ ဝက်သားကို အရက် ၊ ဆား ၊ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်းမှုန့် ၊ ဂျုံမှုန့် ၊ ခေါက်ထားသော ဘဲဥတို့ဖြင့် ရောနယ်ပါ။
ချက်ပြုတ်ပုံ👩🍳👩🍳
နှစ်သက်ရာ အရွယ်လုံးလေးများ ပြုလုပ်ထားပါ။ ဆီအိုူ တည်ပြီး ဆီကျက်လျှင် ဝက်သားလုံး တို့ကို ထည့်ကြော်ပါ။ တစ်ဖက်စီ လှန်ပေးပါ။ မီးမပြင်းပါစေနှင့် 👈👈
ကျက်လျှင် ဆယ်၍ ဆီစစ်ပြီး ပန်းကန်တွင် ထည့်ပါ။ ပန်းကန်ဘေးမှ နံနံပင် ၊ ကြက်သွန်မြိတ် ၊ သံပရာသီးစိပ် တို့ဖြင့် လှပစွား ပြင်၍ စားသုံးနိုင်ပါပြီရှင်။
အဆင်ပြေကြပါစေရှင်🥰🥰
