ကျိုက်ထိုမြို့ရဲ့ ချွေတာရေး ထမင်းဆိုင် ၅၀၀ ကျပ်နဲ့ အိမ်မှာ စားသလို့ စားရမဲ့ ထမင်းဆိုင်
အကယ်၍များ လမ်းကြုံခဲ့ရင်😍...
ကျိုက်ထိုမြို့မှာလည်း ရှိနေတယ်၊
မနက်ခင်းစာကို ထမင်းကြော်၊ထမင်းဖြူ နဲ့ အိမ်ဟင်းချက်လက်ရာနဲ့ လည်း စားချင်တယ်ဆိုရင်
ကျိုက်ထိုမြို့၊ ရှမ်းစျေးမော်တော်ယာဥ်ရုံးရဲ့
ဘယ်ဘက်မျက်စောင်းထိုးက လမ်းအကွေ့နားကို လာခဲ့ပါ 😊။
.
ကြက်၊ ဝက်၊ ပုဇွန်၊ ဘဲဥ၊ အသဲမြစ်ဘာညာ အိမ်ချက်လက်ရာအသားဟင်းအစုံထဲက ကြိုက်ရာဟင်းတစ်မျိုးနဲ့ထမင်းကြော်တစ်ပွဲကို #ငွေ၅၀၀ကျပ် နဲ့
ဒေါ်သဇင်တို့မိသားစု ရောင်းနေတာ တစ်လပြည့်ပါပြီ။
အစကတော့ fb ပေါ်မတင်ဘူးရည်ရွယ်ထားတာမို့
မတင်ဖြစ်ပေမယ့် ခုတော့ တစ်လပြည့်မှာ စိတ်ကူးက
ပြောပြချင်လာလို့ပါ 😛။
.
အသားဟင်းအစုံချက်ထားတဲ့ထဲက
ကိုယ်ကြိုက်ရာဟင်းတစ်မျိုးရယ်
အချဥ်သုပ်၊ ငါးပိထောင်း၊ငါးပိ တို့စရာရယ်
ရေနွေးဘာညာရယ် နဲ့ ထမင်းတစ်ပွဲကို
#ငွေ၅၀၀နဲ့ အိမ်မှာစားသလို စားလို့ ရပါတယ်ပေါ့😍။
.
လမ်းညွှန်ကတော့
ရှမ်းစျေးအရှေ့ မော်တော်ယာဥ်ရုံးရဲ့ဘယ်ဘက်မျက်စောင်းထိုးမှာ ဇမ္ဗူအေး အအေးဆိုင်ဆိုတာရှိပါတယ်။အဲ့ကပ်ရက်နားက ဇွဲရတနာရွှေဆိုင်နဲ့ မြသော်တာရွှေဆိုင် နှစ်ဆိုင်ကြားမှာ ဒေါ်သဇင်တို့ဆိုင်ပေါက်စလေးရှိပါတယ်..လာခဲ့ပါ😂။
.
နာမည်ကိုတော့ #ချွေတာရေး လို့ ခပ်ရိုးရိုးပဲပေးထားပါတယ်။
#နေ့တိုင်း_မနက်လေးနာရီခွဲ_ကနေ_မနက်ဆယ့်တစ်နာရီ
အတွင်းမှာ အိမ်ချက်လက်ရာ လာစားကြည့်ချင်ရင်
လာခဲ့လို့ ရပါတယ်😍။
ကော်ဖီလည်းသောက်လို့ရမယ်..
ထမင်းလည်း အိမ်ချက်လက်ရာနဲ့ကျွေးပါ့မယ်။
လာခဲ့ကြပါနော် ။
.
#ကျိုက်ထိုမြို့_ပြည်သူ့စျေး_ရှမ်းစျေးအရှေ့မှာ
#ချွေတာရေး_ထမင်းတစ်ပွဲ_၅၀၀ကျပ်
#အိမ်ချက်လက်ရာ
#ဒေါ်သဇင့်စိတ်ကူး_မိသားစုရဲ့လိုက်လျောမှု
