ငါးသလောက်ချဥ်စပ်သောက်ဆမ်း

ငါးသလောက်ချဉ်စပ်သောက်ဆမ်း
---------------------------------------
ပါဝင်ပစ္စည်းများ
 ငါးသလောက်  -  ၁ ကောင် 
သံပရာသီး  -  ၂ လုံး
 စပါးလင်  -  ၁ ချောင်း 
ငရုတ်သီးစိမ်း  -  ၁၀ တောင့်
နနွင်းမှုန့်  -  အနည်းငယ် 
ငံပြာရည်  -  စားပွဲဇွန်း ၁ ဇွန်း
ဆား  -  အနည်းငယ်
ပင်စိမ်း  -  အနည်းငယ်
ကြက်သွန်ဖြူ  -  ၅ တက် 
ဆီ  -  စားပွဲဇွန်း ၁  ဇွန်း

ချက်နည်း 
 ငါးသလောက် တစ်ကောင်ကို ၃ ပိုင်းပဲ ပိုင်းပြီး ရေဆေးသန့်စင်ကာ ဆား၊ နနွင်းတို့နဲ့ နယ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး တည်ပါ။ ဆီပူလာရင် ကြက်သွန် ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ မွှေးပြီး အရောင် ပြောင်းလာလျှင် ငါးထည့်ပါ။ ငံပြာရည် ထည့်ပါ။ ရေနွေးလောင်းထည့်ပြီး အဖုံးအုပ်တည်ပါ။ ငါးများနူးလာလျှင် ငရုတ်သီးစိမ်းခတ်ပါ။ သံပရာရည်ညှစ်ပါ။ အပေါ့အငန် မြည်းပြီး အနေတော်ဆိုရင် ပင်စိမ်းအုပ်ပြီး ပူပူနွေးနွေး စားလျှင် အရသာပိုရှိပါတယ်။
-------------------------------
Credit:ပန်းခရေ

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad