💎ကြက်သားပဲရည်သုပ်စပ်စပ်လေး
ပါဝင်ပစ္စည်း
♦️ကြက်သား
♦️အသဲအမြစ်
♦️မွှေးပဲ အစိမ်းမုန့်
♦️ကွကျဥ
♦️ဆား
♦️အချိုမူန့်(သကြားသုံးလည်းရ)
♦️ဆနွင်း
♦️ရေ
♦️ဂေါ်ဖီ
♦️ကြက်သွန်နီ
♦️ရှောက်ရွက်
♦️ငရုပ်သီးစိမ်း
♦️ငရုပ်သီးအမုန့်
♦️သံပုရာသီး
♦️ငံပြာရည်
♦️ဟင်းခတ်မုန့်
ပြုလုပ်နည်း
မွှေးပဲ အစိမ်းမုန့် တထုပ်ကို ဆား ၊ အချိုမူန့်/သကြား ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ ။
ကြက်သားကို ရေဆေး သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ထားပါ ။
ကြက်ပြုတ်ရည် ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ ။ မပြတ်မွှေပေးပါ ။ ပဲအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင် ခေါက်ထားတဲ့ ကြက်ဥ တလုံး အမျှင်စွဲရ်ျ ထည့်ပါ ။ ဆူပွက်လာရင် ရပါပြီ ။
ကြက်သား နှင့် အသဲအမြစ် ကို အနေတော် လှီးရ်ျ ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ ရှောက်ရွက် ၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမုန့်ရော ထည့်ပြီး ၊ သံပုရာညှစ် ၊ ငံပြာရည် ၊ ဟင်းခတ်မုန့် ထည့်ပြီး ချဉ်စပ် သုပ်စားပါ
#မူရင်းရေးသူကို လေးစားစွာ crd ပေးပါတယ်
