သခွားသီးသုပ်
သခွားသီးကိုလဲ သုပ်စား၊ ပာင်းချိုချက်စား၊ အသုပ်ထဲထည်.တာ
အပြင် တို.စရာအဖြစ်လဲစားကြပါတယ်…
ကျွန်မတို.ဆီမှာတော. သခွားသီးကို ရင့်ရင်.မှည်.မှည်.တွေကိုပဲ
မြေပဲလှော် (သို.) ပဲပုတ်စေ.လှော်ထောင်း၊ငရုပ်သီးစိမ်းလှော်ထောင်း၊
နှင့် ပင်စိမ်းရွက် ထည်.ကာသုပ်စားလေ.ရှိပါတယ်..
သခွားသီးသုပ်အတွက်
သခွားသီးရင့်ရင့် - ၁ လုံး ( အ၀ါရောင်)
ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ
ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
ကြက်သွန်ဖြူဆီချက်၊ ထမင်းစာဇွန်း ၁ ဇွန်း၊
ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း ၁ ဇွန်း၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊
ပဲပုတ်ထောင်း - ထမင်းစာဇွန်း ၁ ဇွန်း၊
ငရုပ်သီးစိမ်းမီးကင် - ၃ တောင်.ကို ထောင်းထားပါ။
ပင်စိမ်းရွက် (၃) ညွန်.ကိုပါးပါးလှီးထားပါ။
သံပုရာသီးတခြမ်း။
သခွားသီးကို အရှည်လိုက် အလယ်မှ ထက်ခြမ်းခြမ်းပြီး အစေ.ထုပ်ကာ
ရေဆေးပြီး အတွင်းသားကို သဘောင်္ခြစ်နှင့် အမျှင်လေးတွေရအောင်ခြစ်ပါ..
အခွံနားကပ်လာရင်ဆက်မခြစ်တော.ပါနှင့်…ခြစ်မတူလျှင်လဲ အခွံခွာ
အစေ.ထုတ် ပြီးလဲ ခြစ်နိုင်ပါတယ်..
စားခါနီးမှ ခြစ်ထားသော သခွားသီး နှင့်ပါးပါးလှီးထားသော ကြက်သွန်နီကို သုပ်မည်.ပုဂံထဲသို.ထည.်ကာဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း ၊ပဲပုတ်ထောင်း၊ပင်စိမ်း၇ွက်။ ငရုပ်သီးစိမ်းမီးကင်ထောင်းနှင့် သံပုရာသီးတခြမ်း ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။
