ငါးခူမွကြော်သုပ်

ငါးခူမွကြော်သုပ်လုပ်နည်း

ပါဝင်ပစ္စည်းများ ......................

(၁) ငါးခူ  – ၂၀သား

(၂) မုန်လာဥနီ  – အနည်းငယ်

(၃) တရုတ်နံနံ  – အနည်းငယ်

(၄) သရက်သီး – အနည်းငယ်

(၅) ကြက်သွန်နီ  - တစ်လုံး

(၆) သီဟိုရ်စေ့   – အနည်းငယ်

(၇) မုန့်ကြွပ်  – ၁၀၀ဂရမ်

(၈) ငံပြာရည် – ၄ဇွန်း (ထမင်းစားဇွန်း)

(၉) သကြား  – ၂ဇွန်း (ထမင်းစားဇွန်း)

(၁၀) သံပုရာသီး  – ၃လုံး

(၁၁) ငရုတ်သီးစိမ်း – ၅ တောင့်

(၁၂) ဆီ  - ၃၅ကျပ်သား

(၁၃) ရေ  – ၁လီတာ

ပြင်ဆင် ပြုလုပ်နည်း ......................

- ရှေးဦးစွာငါးများကိုအသားများလွှာ၍လှီးထားပါ။

- ပြီးလျှင်ငါးအသားလွှာများကိုမီးပြင်းပြင်းနှင့် ပြုတ်ပါ။

- ငါးအသားလွှာပြုတ်များကိုအရေခွံများဖယ်လိုက်ပြီးနုပ်နုပ်စဉ်းပါ။

- စဉ်းပြီးကဆီ၊မုန့်ကြွပ်မှုန့်များဖြင့်နယ်ပါ။

- ပြီးလျှင်ဆီပူပူမှာထည့်ကြော်ပါ။

- သီဟိုရ်စေ့များကိုလည်း ကြော်ပါ။

- ဟင်းသီးဟင်းရွက်များကိုလှီးဖြတ်၍ ကြော်ထားသည့်ငါးပေါ်သို့ နေရာချပါ။

- သကြား၊သံပုရာရည်၊ငံပြာရည်တို့ကို ရော၍အချဉ်ရည် ပြုလုပ်ပါ။

- ငါးခူမွကြော်သုပ်ကြွပ်ကြွပ်ရွရွ လေးစားလို့ ရပါပြီ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad