**********************
ဆားရည် ကျိုပီး အအေးခံထားပါ။
ကျမကတော့ သကြား အနည်းငယ်ပါ ထည့်ပါတယ်။
သရက်သီးကို အိုးထဲထည့်ပီး
ကျိုထားတဲ့ဆားရည် လောင်းထည့်,အဖုံးလုံအောင်ပိတ်ထားပါ။
သံပန်းကန်, စတီးပန်းကန်နဲ့ အုပ်လို့ရပါတယ်။
သုံး လေးရက် တစ်ခါ ဇွန်းနဲ့ မွှေပေးပါ။
၂ ပတ်ကြာရင် သရက်သီး ဆားရည်စိမ် ရပါပြီ။
တင်းတင်းခဲခဲလေး လိုချင်ရင် ကျောက်ချဉ်ထည့်စိမ်ပေးပါ။
အဖုံးဖွင့်ကြည့်ပီး အပေါ်မှာတက်နေတဲ့
အဖြူဖပ်ကြီးကို ဆယ်ထုတ်ပေးပါ။
ကျမ ဘာပဲဆားရည်စိမ်စိမ် အချဉ်ဓါတ်ကိုထိန်းဖို့ သကြားထည့်ပါတယ်။
သရက်သီးက ခြင်းနဲ့ ဆွတ်ခူးတဲ့အသီးက ပိုကောင်းပါတယ်။
ကြွေကျသီးက နာတတ်ပါတယ်။
ရိတဲ့အသီးတွေကို အိုးထဲမှ ဖယ်ထုတ်ပစ်ပေးပါ။
စဉ့်အိုး,ပုလင်းနဲ့ စိမ်တာ တာရှည်ခံစေပါတယ်။
ကျိုထားတဲ့ ဆားရည် လုံးဝအေးမှ လောင်းထည့်ပေးပါ။
ကျမတို့ အဖွား လက်ထက်တုန်းကတော့
အိုးထဲရေထည့်, သရက်သီးတွေပစ်ထည့်,
အပေါ်က ဆားတွေပစ်ထည့်လိုက်တာပါပဲ။
ဒါလည်း နှစ်ပေါက်အောင် ခံတာပါပဲ၊
အလုံးကြီးကြီးစိမ်ရင်တော့ အချဉ်ဓါတ်ပိုနည်းပါတယ်။
ဆားရည်စိမ်ရင် အိုးအပြည့် ဆားရည်ကျိုထည့်ရပါတယ်။
ဒါမှ အဖြူဖပ် တက်လာရင် အလွယ်တကူ ဆယ်လို့ ရတာပါ။
သရက်သီးတွေ ပေါ်မနေအောင် ဝါးကပ်တစ်ခုကို ထည့်ပီးဖိထားပေးပါ။
🔺 လျို့ဝှက်ချက် 🔺
********************
တာရှည်ခံချင်ရက် ကျနေထိုးတဲ့နေရာမှာ
ဆားရည်စိမ်အိုးကို ထားပေးလိုက်ပါ။
